ဒက္ခိဏသီရိ စက်တင်ဘာ ၂၂
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ မောင်လေပြေ (တောင်တွင်း) ရေးသားသည့် ‘‘မြန်မာ့တန်ခိုး ဗိဿနိုး” ကဗျာဖြင့် စာရေးသူတို့၏ အတွေးအမြင်များ မျှဝေခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre၌ ဆောင်ရွက်ခဲ့သည်။
စာရေးသူတို့၏ အတွေးအမြင်များမျှဝေခြင်းအစီအစဉ်တွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသပြေခင်နှင့် စာရေးဆရာ မောင်လေပြေ (တောင်တွင်း)တို့က ‘‘မြန်မာ့တန်ခိုး ဗိဿနိုး” ကဗျာ ရေးဖွဲ့ဖြစ်ခဲ့ပုံနှင့် အနှစ်သာရများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ စာရေးသူတို့၏ အတွေးအမြင်များမျှဝေခြင်းအစီအစဉ် ဆွေးနွေးမှု အပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)