ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပ

ပိုင်ကျုံ  စက်တင်ဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် အောင်စိတ်ဖြင့်ထူးချွန်စွာ အောင်မြင်နည်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်နော်ခူးခူးက  စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်ဒေါ်ကြာစေးက ငယ်ဘဝနှင့် ပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ လူ့ဘဝမှာအထူးသဖြင့် ကလေးအရွယ်ငယ်စဉ်အချိန်မှာ သိမ်ငယ်စရာများ ကြုံတွေ့ရလျှင် သိမ်ငယ်စိတ်၊ အောင်မြင်မှုများကို မမျှော်မှန်းရဲသည့် အရှုံးစိတ်၊ ရန်လိုစိတ်၊ မုန်းတီးစိတ်များ ဝင်လာတတ်ကြပါတယ်ငယ်ဘဝနှင့်ပတ်ဝန်းကျင်‌ ကြောင့် သိမ်ငယ်စိတ်ရရှိသည့် စာရေးဆရာလယ်တွင်းသားစောချစ်၏အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ အောင်စိတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကြောင့် သိမ်ငယ်စိတ်၊ အားငယ်စိတ်နှင့်‌ ကြောက်စိတ်များ ပယ်ရှားနိုင်ပြီး အောင်မြင်‌အောင်ကြိုးစားသည့် အတုယူစရာကောင်သည့် စာ‌ရေးဆရာအကြောင်းကို ထပ်မံ ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြား လာနိုင်ပါကြောင်း သိရပါ သည်။

နော်ခူး( ပြန်/ဆက် )