စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာတိုက်ကြည်(စဉ့်ကိုင်)ရေးသားသည့် သမိုင်းခရီးသွား စာအုပ်အား ယနေ့မွန်းလွဲ(၁) နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မူလတန်းအဆင့်ကလေးငယ်များအား အာဟာရ နို့တိုက်ကျွေး

ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးးနေ့အထိမ်းအမှတ် ကျောင်းနေအရွယ်ကလေးငယ်များ နို့ တိုက်ကျွေးခြင်းကို ကရင်ပြည်နယ် ကြာအင်းဆဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌  သွားရောက်တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ရမည်းသင်း မူလတန်းကြိုကျောင်းရင်သွေးငယ်များ (ပထမအကြိမ်) ဉာဏစွမ်း ရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်း ရင်သွေးငယ်များ (ပထမအကြိမ်) ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရမည်းသင်း မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ မိုးလယ်နေကြာသီးသန့်စိုက် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မင်းလှမြို့နယ်မှ မိုးလယ်နေကြာသီးသန့်စိုက်ပျိုးသည့် ဒေသခံတောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မင်းလှမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကဗျာရွတ်ဆိုခြင်းနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ ပြုလုပ်ကျင်းပသည်။

လွိုင်ကော်မြို့၌ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (Word Rabies Day) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ငဖဲမြို့နယ်၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေးနှင့် ခွေးရူးရောဂါ ကင်းစင်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်သည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်၊ရပ်ကွက်များတွင် အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) များကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to