ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၃(စံပြ) လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ (ဇ)ဈေးတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

မန္တလေး စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၅လမ်းနှင့် ၅၆လမ်းကြား၊ ၁၃၃(စံပြ) လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ (ဇ)ဈေးတွင် ယနေ့နံနက်(၇)ခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၆)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးဦးသိန်းဝင်း၊ မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနှင်း ဇော်သိန်း၊ မြို့နယ်မီး သတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးထက်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ဝေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား (၅၅)ဦးခန့်တို့ပူးပေါင်း၍ ၅၅လမ်းနှင့်၅၆လမ်းကြား၊ ၁၃၃(စံပြ) လမ် းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ (ဇ)ဈေးအတွင်းရှိ ဈေးသူ/သားများနှင့် လာရောက်ဝယ်ယူသူများ၊ ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ ပေါ့ဆနေခြင်းမရှိစေဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်း(Mask)များ မဖြစ်မနေတပ်ဆင်အသုံးပြုရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ထပ်ဆောင်ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်နှင့် ပြည်သူများအနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ ကျန်းမာ ရေး အသိစိတ်များဖြင့် ရောဂါကူးစက်မှုမရှိစေရေး သတိပြုနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို စနစ်တကျလိုက်နာကြရန် အသိပညာပေးဟောကြားပြီး ပြည်သူများအား နှာခေါင်းစည်း(Mask)အခု (၁၅၀၀)အား (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ပညာပေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများအား စဉ်ဆက်မပြတ်လုပ်‌ဆောင်နေပြီး ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခါအားလျော်စွာ (အခမဲ့)ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ခရိုင် ပြန်/ဆက်)