အမရပူရ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိအမှတ်( ၂)အခြေခံပညာ အထက်တန်းကျောင်း၊ မေတ္တာရိပ်ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမရပူရမြို့နယ် ဦးစီးမှူးရုံးကနိုင်ငံသားစိစစ်ရေးကတ်မရှိသေးသောကျောင်းသား၊ ကျောင်းသူများကို ပန်းခင်းအဆင့် ၂ စီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ပန်းခင်းစီမံချက်အဆင့်၂ ဖြင့် ဆောင်ရွက်သောအိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီးဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက မိမိတို့ဌာနအနေဖြင့် လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားသည်။ ဌာနအနေဖြင့်မြို့ပေါ်သာမက၊ ကျေးရွာ များပါကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့် ကျား ၂၃ ဦး၊ မ ၁၇ ဦး၊ပေါင်း ၄၀ ဦး ၊အသက် ၁၀နှစ်ပြည့် ကျား၃၈ဦး၊မ ၄၃ဦးပေါင်း၇၁ဦး၊ စုစုပေါင်း ၁၁၁ ဦးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)