ငါ့သရောက်မြို့ စက်တင်ဘာလ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် သက်တော် ၈၃ ဝါတော် ၆၃ ရှိ အင်းဝတောရ ကျောင်းဆရာတော် ဘန္ဒန္တသောဘနမဟာထေရ်၏ အန္တိမအဂ္ဂိစျာပနပူဇာပွဲကို ယနေ့တွင် အင်းဝတောရကျောင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဆရာတော်၏ အန္တိမအဂ္ဂိစျာပနပူဇာပွဲကို ငါ့သရောက်မြို့ အမှတ် (၁) မြောက်ကုန်းရပ်ကွက်၊ ဖျောက်ဆိပ်ပင်ရွာ၊ ပြာပုံရွာ၊ တပြားကြီးတည်းတိုက်၊ သနပ်ပင်ရွာ၊ ရွာသာအေးရွာ၊ အိုင်ကြီးရွာ စသည်တို့မှ တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ စုပေါင်းပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်ချိုချဉ်အရသာတို့ကို ဆက်ကပ် လှူဒါန်း၍ စည်ကားသိုက်မြိုက်စွာ ဘန္ဒန္တသောဘနမဟာထေရ်သည် ၁၈-၉-၂၀၂၂ ရက်နေ့နံနက် ၅ နာရီခွဲအခန့်တွင် ၉၆ ပါး ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။
P.W.A (ပြန်/ဆက်)