စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။

ကလောမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ ရေအေးကန် ရေဝင်ရေလွှဲ စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို၊ ယနေ့နံနက် ၉ နာရီအချိန်က ရေအေးကန်အနီးရှိ ကလောသစ်တောကြိုးဝိုင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်းသိရသည်။

ဟိုပန်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်(၁၁)နာရီက ဟိုပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီများရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက်၉နာရီခွဲအချိန်မှစတင်ပြီး အနောက်ရပ်ကွက် ၊ နယ်မြေ(၂) အရိပ်ကုန်စုံဆိုင်တွင် ရောင်းချပေးနေကြောင်းသိရသည်။

တနင်္သာရီမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးနှင့်မိဘပြည်သူများက ကြိုတင်ကာ ကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နေအိမ်ပြင်သို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင်သည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးစေရေး Mask Campaign ပြုလုပ်ခြင်းကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၇ နာရီခွဲခန့်က ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာလမ်းဆုံနေရာ၌ ခရီးသွားများထံ (Mask)အခု(၂၀၀)ကျော်ကို အခမဲ့ဝေငှပေးပြီး ပညာပေး Mask Campaign ပြုလုပ်ပေးကြကြောင်း သိရသည်။

ပျဉ်းမနားမြို့ ဆုတောင်းပြည့်လောကမာရဇိန်ဘုရားကြီး၌ မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဆုတောင်းပြည့်လောကမာရဇိန်ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ကျင်းပရာ ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇာဂရ မထေရ်မြတ် အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များ တက်ရောက် ကြသည်။

ပင်လောင်းမြို့နယ်တွင် ဒေသထွက်လက်ဖက်ကို အခြေခံပြီး စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်လက်ဖက်အား အခြေခံပြီးစားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ဘားအံမြို့နယ်ရှိ အုန်းတပင်ကျေးရွာနှင့် လက္ခဏကျေးရွာတို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေနှုန်းဖြင့်  ဆက်လက်ရောင်းချပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ကျေးလက်နေပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက်  အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍  အုန်းတပင်ကျေးရွာနှင့်  လက္ခဏကျေးရွာတို့တွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ဘားအံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများနှင့် ကျောင်းများရှိ စာဖတ်သူများလက်ဝယ်ရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့် စာအုပ်စာပေချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများရှိ စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(၄)၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့်   ပြည်နယ်သမဝါယမစီးဌာနသို့  အခမဲ့စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to