ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီများရောင်းချပေး

ဟိုပုံး   စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက်၉နာရီခွဲအချိန်မှစတင်ပြီး အနောက်ရပ်ကွက် ၊ နယ်မြေ(၂) အရိပ်ကုန်စုံဆိုင်တွင် ရောင်းချပေးနေကြောင်းသိရသည်။

ဟိုပုံးမြို့ပေါ်နေ ပြည်သူများချက်ပြုတ်စားသောက်မှုကိစ္စများ တဘက်တလမ်းမှ အဆင်ပြေကြစေရန်နှင့် မီးဖိုချောင်သုံး စားအုန်းဆီများကို သက်သာသောနှုန်းဖြင့်ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာကို ၅၂၀၀ ကျပ်နှုန်းဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေး မြို့ပေါ်ရပ်ကွက် နေပြည်သူများအနေဖြင့် အရိပ်ကုန်စုံဆိုင်တွင် လာရောက် ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ အရိပ်ကုန်စုံဆိုင်တွင် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေး လျက်ရှိရာ စားအုန်းဆီပိဿာ ၄၄၀ ပိဿာ ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)