လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း စာအုပ်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ရှင်သန်လည်ပတ်ဆောင်ရွက်နေလျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအတွက် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းက သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက(ခွဲ)မြို့မ-ပုဏ္ဏားကျွန်း၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ်ခန်းတွင် ကျင်းပပြလုပ်ခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လီလုကျေးရွာတွင် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် လီလုကျေးရွာတွင် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပန် မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည် ဆုပေးပွဲ အခမ်းအနားကျင်းပ

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ဉာဏစွမ်းရည်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊​ ​လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းကို လူစည်ကားရာနေရာများတွင် ယ​နေ့နံနက် (၈)နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းပြသင်တန်း ဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမူ သင်တန်းကျောင်း ရှိအစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမူနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးနည်းစနစ်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး တောင်သူပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဝါသီးနှံစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ တောင်သူပညာပေးသင်တန်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းပျဉ်းမြို့၊ အထက၌ ပထမအကြိမ် ဆို−က−ရေး−တီး ပြိုင်ပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၊  အခြေခံပညာအထက်တန်းကျောင်း၏  ပထမအကြိမ် ဆို−က−ရေး−တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့် အချက်များအား ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားဘာသာများဖြင့် အသိပညာပေး နှိုးဆော်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး တိုင်းရင်းသားဘာသာများဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to