ကလောမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကလော  စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ ရေအေးကန် ရေဝင်ရေလွှဲ စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို၊ ယနေ့နံနက် ၉ နာရီအချိန်က ရေအေးကန်အနီးရှိ ကလောသစ်တောကြိုးဝိုင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတာ်ကို ကလောမြို့နယ်စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့်အဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကလောတပ်နယ်မှ အရာရှိစစ်သည်နှင့်ရဲဘော်များစုပေါင်း၍ ထင်းရှူးပင် ၂၀၀ ပင်တို့ကိုစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)