ဘားအံမြို့နယ်ရှိ အုန်းတပင်ကျေးရွာနှင့် လက္ခဏကျေးရွာတို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေနှုန်းဖြင့်  ဆက်လက်ရောင်းချပေးလျက်ရှိ

ဘားအံ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ကျေးလက်နေပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက်  အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍  အုန်းတပင်ကျေးရွာနှင့်  လက္ခဏကျေးရွာတို့တွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို  ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊  ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-ဖြင့် ဆန် (၂၂)အိတ်၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/-နှုန်းဖြင့် ကြက်ဥကတ် (၄၀)ကတ်၊  ဆီတစ်ဘူးလျှင် ငွေကျပ် ၂၈၀၀/- နှုန်းဖြင့် ဆီ(၇၅)ဘူးတို့ကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ကျေးလက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ပြီး ဘားအံမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)