တနင်္သာရီမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်

တနင်္သာရီ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးနှင့်မိဘပြည်သူများက ကြိုတင်ကာ ကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နေအိမ်ပြင်သို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင်သည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးစေရေး Mask Campaign ပြုလုပ်ခြင်းကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီခွဲခန့်က ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာလမ်းဆုံနေရာ၌ ခရီးသွားများထံ (Mask)အခု(၂၀၀)ကျော်ကို အခမဲ့ဝေငှပေးပြီး ပညာပေး Mask Campaign ပြုလုပ်ပေးကြကြောင်း သိရသည်။

 ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲဥက္ကဋ္ဌ ဒေါ်စုမြတ်ဝင်း နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဆရာမများ၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ ခရီးသွားပြည်သူ များအား ယခုအခါ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းအိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်း ပြန်လည်မြင့်တက်လာနေပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို သတိပြုဝတ်ဆင်ကြရေး အသိပညာပေး၍ (Mask)(၂၀၀) ကျော်ကို အခမဲ့ဝေငှပေးပြီး Mask Campaign ပြုလုပ်ပေးကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)