လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံမှ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ဓာတ်အားပြတ်တောက်ခြင်း လျော့နည်းစေရန် Breaker အသစ်လဲလှယ်တပ်ဆင် ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။