ငါန်းဇွန်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်း နည်းပညာပေးကွင်းပြပွဲနှင့် ကြားထွန်လိုက်စက်ကိရိယာအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အမှတ်(၄)ကွင်း၊ ကွင်းအမှတ်(၉၁၅) တောင်သူ ဦးထွန်းကြီးနှင့် တောင်သူ ဦးညိုလွင်တို့၏ မိုးချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) မျိုးစေ့ထုတ်စိုက်ခင်း၌  နည်းပညာပေးကွင်းပြပွဲနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် ကြားထွန်လိုက် စက်ကိရိယာအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask Campaign အရှိန်မြှင့်တင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆွမ်ပရာဘွမ်မြို့နယ် ယာဉ်ကြီးယာဉ်ငယ်နှင့် ဖြတ်သွားဖြတ်လာသူများအား ယနေ့နံနက် ၁၁နာရီခွဲချိန်က ကဘရန်ခူးရပ်ကွက်၌ Mask Campaign လုပ်ငန်းဆောင်ရွက်သည်။

ဟိုပုံးမြို့၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲကို ယနေနံနက် ၉ နာရီချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတွင် ဖြေဆိုခဲ့ကြကြောင်းသိရ သည်။

မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်သို့ ဆွမ်းခံကြွရောက်တော်မူသော သံဃာတော်များနှင့် ဆွမ်းလောင်းလှူသူများအား ဂျင်းပြုတ်ရည်တိုက်ပြီး နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဝါတွင်းကာလ ဆွမ်း၊ ဆွမ်းဟင်းများ အလှူခံကြွရောက်တော်မူလာသည့် သံဃာတော်အရှင်သူမြတ်များနှင့် လာရောက်လောင်း လှူသူများကို ယနေ့နံနက်ပိုင်းက ဂျင်းပြုတ်ရည်များ တိုက်ကျွေးပြီး၊ Mask များ အခမဲ့ဝေငှ ခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါတားဆီးကာကွယ်ရေးအတွက် မြို့မစျေးကြီးနှင့်ရပ်ကွက်များတွင် ကလိုရင်းပိုးသတ်ဆေးများဖျန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ

ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင် ကြားနိုင်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ ဗိုလ်တေဇ၌ ဆောင်ရွက်ခဲ့သည်။

ဆဒုံးမြို့၌ သစ်ကြားသီးအထွက်နှုန်းကျဆင်းသော်လည်း စျေးကောင်းရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် သစ်ကြားသီးအထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရရှိ၍ အကျိုးအမြတ်ရရှိကြောင်း ဒေသထွက်ကုန်စျေးကွက်များမှ သိရသည်။
Subscribe to