ရန်ကင်းမြို့နယ်တွင် စစ်ကြောင်းကြီးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ရန်ကင်း စက်တင်ဘာ ၂၃

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးစစ်ကြောင်း၊ ကာကွယ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းများမှ ရန်ကင်းမြို့နယ် အမှတ် (၁၅) ရပ်ကွက် မြို့မစျေးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ စစ်ကြောင်းကြီးများ ပူးပေါင်းကာ ပြည်သူ့အကျိုးပြု ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး အသိသတိဖြင့် နေထိုင်နိုင်ရေး၊ ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို စစ်ကြောင်းကြီး () ကြောင်းတို့မှ  ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)