မိုင်းစံတွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ

မိုင်းစံ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ) အတွက် မိုင်းစံမြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခဲ့ကြောင်း သိရှိရပါတယ်၊၊

မိုင်းစံမြို့အတွင်းတွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှု‌ရေးပင်စင် အကျိုးခံစားခွင့်ရှိသူ (၄)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)တိတိကို ယနေ့ညနေ ၄ နာရီအချိန်ခန့်က ဘိုးဘွားများ လက်ဝယ်ဆီသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းစံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်၊ နယ်မြေမီးသတ်စခန်း တာဝန်ခံ တပ်ကြပ်ကြီး စိုင်းအောင်လှ၊ အရန်မီးသတ် တပ်ခွဲမှူး ဦးစိုင်းလူလှိုင်တို့မှ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

မိုင်းစံ(ပြန်/ဆက်)