ရေဦး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအနီး လမ်းဆုံ မြေနေရာတွင် ယမန်နေ့ ညနေ ၃ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြသည်။
အဆိုပါအသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲသို့ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာန အကြီးအကဲများ၊ မြို့ပေါ်ငါးရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)