မလှိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် လဲတော ကျေးရွာအုပ်စု ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လဲတောကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ရေလည်ကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်လကို ရိုးရာမီးပုံးကလေးများဖြင့် အလှဆင်ပါ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ တစ်ဆယ့်နှစ်လရာသီပွဲတော်များအတွင်းမှ သီးတင်းကျွတ်လသည် ဘာသာရေးထုံးတမ်း အစဉ်အလာများ၊ မိရိုးဖလာယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြင့် အလှဆင်ထားခြင်းကြောင့် မြန်မာလူမျိုးတို့အဖို့ ကြည်နူးပီတိဖြစ်ရသော လတစ်လဖြစ်သည်။ သီတင်းကျွတ်လတွင် လူငယ်လူရွယ်များက လူကြီးမိဘဆရာများအပေါ် တစ်နှစ်တာကာလအတွင်း ပြောမှားဆိုမှားများရှိလျှင် အပြစ်များပြေပျောက်စေရန်၊ ခွင့်လွှတ်ပေး‌စေရန် အတွက် မြန်မာ့ရိုးရာမုန့်မျိုးစုံဖြင့် လက်အုပ်ချီဝန်ချတောင်းပန်သော လတစ်လလည်း ဖြစ်သလို လူကြီးလူငယ်အရွယ်သုံးပါးမရွေး မြတ်စွာဘုရားရှင်အား မီးပူဇော်ခြင်းအပြင် ပျော်ပွဲရွှင်ပွဲများဖြင့် ပါဝင်ဆင်နွဲနိုင်သော လတစ်လလည်းဖြစ်သည်။

မိုင်းတုံမြို့နယ်အတွင်းရှိ သက်(၈၅)နှစ်အထက် ဘိုးဘွား(၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့

ရှမ်းပြည်နယ်၊(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၅၁) ဦးအား ယနေ့နံနက်  ၈ နာရီခွဲက လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့သည်။

ချောက်မြို့၌  ​ဌာနဆိုင်ရာများ စု​ပေါင်းသန့်ရှင်းရေးပြုလုပ်

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ အမှတ်(၁၅)ရပ်ကွက်​ မြေနီကုန်းရပ်ရှိ​​ ဇေယျာသီရိဘိုးဘွားရိပ်သာအတွင်းအပြင်၌ စု​ပေါင်းသန့်ရှင်း​ရေးပြုလုပ်ခြင်းကို ယ​နေ့ နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့နေ့လယ်ပိုင်းက ကညင်ငူ‌ကျေးရွာအုပ်စု၊‌ ဘုန်း‌ တော်ကြီး‌ကျောင်းဓမ္မရုံတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးသည့် ဥပဒေများ အသိပညာပေး Talk Show ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးသည့်ဥပဒေများ အသိပညာပေး Talk Show ကို ယမန်နေ့ ညနေပိုင်းအချိန်က ပြုလုပ်ခဲ့သည်။

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်ပျက်စီးခဲ့ရသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းမျာပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တဲကြီးကုန်းလမ်းတွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီဝန်ကျင်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျပျက်စီး၍ နေအိမ်တစ်လုံးမှာအမိုးလန်ခြင်း ဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မိုးကြိုးဘေးအန္တရာယ်အသိပညာပေးနှင့် မြေငလျင်ဘေးအန္တရာယ်အသိပညာပေး ပိုစတာစိုက်ထူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မိုးကြိုးဘေး အန္တရာယ် အသိပညာပေးနှင့် မြေငလျင် ဘေးအန္တရာယ်အသိပညာပေး ပိုစတာကို သီရိမင်္ဂလာပန်းခြံနှင့် ကျွဲ၊ နွားဈေးကွင်းတွင် ယမန်နေ့ညနေပိုင်းက စိုက်ထူခဲ့ကြောင်းသိရသည်။

ဂွမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖြင့် ဆောင်ရွက်နိုင်ရေး သင်တန်းပို့ချခြင်း အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖြင့် ဆောင်ရွက်နိုင်ရေး သင်တန်းပို့ချခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to