ပင်လောင်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ပြီး သတ်မှတ်ထားသည့် အောင်မှတ်များရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀) အတွက်သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို အဆိုပါ သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းများဝင်ခွင့်ရ စာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) အတွက် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်များဖြင့် ဖြေဆိုရမည်ဖြစ်ပြီး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှ ဖြေဆိုခွင့်ရရှိသူ ၂၃ ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed သင်တန်းဝင်ခွင့် စာမေးပွဲတွင် အင်္ဂလိပ်ဘာသာရပ်နှင့်မြန်မာစာဘာသာရပ်ဖြင့် ဖြေဆိုခွင့်ရရှိသူ ၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး (ပြန်/ ဆက်)