ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးအရေးယူဆောင်ရွက်

ညောင်တုန်း စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ဆားမလောက်အထက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဆားမလောက်ရဲကင်းစခန်းမှ ရဲအုပ်ဇော်ထွန်းနိုင်တို့က ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းမောင်းနှင်နေသော မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များအား စစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေး စစ်ဆေးခြင်းနှင့် မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်စီးနင်းရန်၊ နှစ်ဦးထက်ပို၍ စီးနင်းခြင်း မပြုရန်၊ ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်တို့ကို အသိပညာပေး စစ်ဆေးခဲ့ပြီးစည်းကမ်းမဲ့ မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများကို ၂၀၂၀ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၈၇ ဖြင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)