နတ်မောက်မြို့နယ်တွင် ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

နတ်မောက် စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်ချက်အရ နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်(၈)နာရီ   အချိန်က မြို့မရဲစခန်းရှေ့တွင်  ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်တို့က ဒေသခံပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန်ဝေခြင်းပေးခဲ့ပြီး၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မြေမှ တစ်ပိုင်တစ်နိုင်ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းက ထွက်ရှိသည့် ဆန်၊ ဆီ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ ခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ပဲသီးရှည်၊ ဇီးဖြူသီး စသည့် ရာသီသီးနှံများကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်