နောင်ချို စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၈၅၀စုအား “နောင်ချို” ဟိုတယ်မိသားစုမှ ဆန်ရိက္ခာများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် နောင်ချိုမြို့နယ်အတွင်းရှိ ဘူတာရပ်၊ ဈေးရပ်၊ ပါဟတ်ရပ်၊ တောင်ရပ် စသည့် ရပ်ကွက်များ၊ သီလရှင်ကျောင်းများ၊ ရွှေညောင်ပင်ကျေးရွာ၊ ဘော်ရွာ၊ ရေမောင်းတန်းရွာ စစ်စီးတိုးရွာနှင့် လွယ်တောင်းရွာ စသည့်ကျေးရွာများမှ အိမ်ထောင်စု ၈၅၀ စုအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ဓမ္မာရုံတို့တွင် အသီးသီးလှူဒါန်းပေးခဲ့ပြီး “ဒေါ်နန်းလောင်ဟိန်း” နောင်ချိုဟိုတယ်၏ မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ စားဝတ်နေရေး အမှန်တကယ် ခက်ခဲသော မိသားစုများကို ရွေးချယ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စု ၈၅၀ စုအတွက် ငွေကျပ်သိန်း(၈၀)တန်ဖိုးရှိ ဆန်များကို လှူဒါန်းခဲ့ကြောင်းနှင့် ယခုလှူဒါန်းမှုသည် တတိယ အကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း “နောင်ချို” ဟိုတယ် မိသားစုထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)