ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

ဟိုပုံး  စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးအသိပညာပေးလှုပ်ရှားမှု ဆောင်ရွက် ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ဈေးရောင်းဈေး ဝယ်ပြည်သူ များအနေဖြင့် အိုမီခရွန်အပါအဝင် ကိုဗစ် ၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်း စည်း(Mask) စနစ်တကျတပ်ဆင်သွားလာရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး၊ ကာကွယ်ဆေးထိုးနှံမှု(၆)လပြည့်သူတိုင်း ထပ်ဆောင်းကာကွယ် ဆေးဆက်လက်ထိုးနှံရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)