ပင်လောင်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုး
ပြည်တွင်း၌စားသုံးဆီ အလုံအလောက်ထုတ်လုပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသရာသီဥတု နှင့် ကိုက်ညီသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်မိုးနေကြာအား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။