နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း နှာခေါင်းစည်း(Mask Campaign) လှုပ်ရှားမှု အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

နမ့်ခမ်း စက်တင်ဘာ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့နယ် တာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး (Mask Campaign)လှုပ်ရှားမှု  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်() နာရီ အချိန်က နမ့်ခမ်းမြို့အတွင်း  လူစည်ကားရာနေရာများ၌ နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးလုပ်ငန်း နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး(Mask Campaign)လှုပ်ရှားမှုကို အပတ်စဉ် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ဦးဆောင်သည့် တာဝန်ရှိသူများက နမ့်ခမ်းမြို့၊ စည်ပင်သာယာ မြို့မဈေး အတွင်း/အပြင်နေရာများ၊ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံမီးပွိုင့်တွင် ဈေးရောင်း၊ ဈေးဝယ်သူများနှင့် ခရီးသွားလာနေသည့် ပြည်သူများမှ နှာခေါင်းစည်း (Mask)တပ်ဆင်ပြီး အရောင်းအဝယ်ပြုလုပ်ကြရန်၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြန်လည် ဖြစ်ပွားလာသည့်အတွက် ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို တိကျလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်ထားသူများအား တပ်ဆင်နိုင်ရေး နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အပတ်စဉ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းနှင့် NMBG လူမှုကူညီရေးအသင်းတို့က အပတ်စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)