လွိုင်လင်မြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

လွိုင်လင် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ဦးဆောင်၍ လေးစားအတုယူထိုက်သော ပုဂ္ဂိုလ်များအကြောင်းနှင့်ပတ်သက်၍ လူငယ်စကားဝိုင်းအစီအစီကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းကို ကျောင်းသူလေးတစ်ဦးက ဖေဖေသာဓုခေါ်ပါ တေးသီချင်းသီဆို၍ ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ကျောင်းသား ကျောင်းသူ လူငယ်များသည် ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာ အတတ်ပညာများတိုးပွားလာစေရန်၊ လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်ပြီး အတွေ့အကြုံဗဟုသုများရရှိစေရန်  ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  လေးစားအတုယူထိုက်သော ပုဂ္ဂိုလ်များ အကြောင်း စကားဝိုင်းကိုအဖွဲ့နှစ်ဖွဲ့ဖြင့်ကျင်းပရာ အဖွဲတစ်ဖွဲ့လျှင် ကျောင်းသူ/သား သုံးဦးစီပါဝင်ကာ အဖွဲ့(၁)အနေဖြင့်  Mother Teresa ၏ လေးစား အတုယူဖွယ်ကောင်းသည့် ပရဟိလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုကို ပြေကြားရာ  အဖွဲ့(၂)မှ ပြန်လည်မေးမြန်း ဆွေးနွေးကြသည်။ ယင်းနောက် ကြီးကြပ်သူများက အပြန်အလှန်မေးမြန်းဆွေးနွေးမှုအပေါ် သုံးသပ်ချက်များ ဖြည့်စွက်ပြောကြားသည်။ ဆက်လက်၍ အဖွဲ့(၂) မိမိတို့အဖွဲ့လေးစားအတုထိုက်သည့် ပုဂ္ဂိုလ်တစ်ဖြစ်သည့်  ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်  ဦးသန့် အကြောင်းကို ပြောကြားရာ  အဖွဲ့(၁)မှ  သိလိုသည်များကို ပြန်လည်မေးမြန်းခြင်း၊ မေးမြန်းမှုအပေါ်ပြန်ဆည်ဆွေးနွေးခြင်းကို ဆောင်ရွက်ကြပြီးနောက် ကြီးကြပ်သူများက အပြန်အလှန်မေးမြန်းဆွေးနွေးမှုအပေါ် သုံးသပ်ချက်များဖြည့်စွက်ပြောကြား ပြီးနောက် စကားဝိုင်းဆွေးနွေးပွဲကို    Grade -4 နှင့် Grade - 5      ကျောင်းသူလေးများက တေးသရုပ်ဖော်သီချင်းဖြင့် ဖျော်ဖြေကပြကာ အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကြီးကြပ်သူများအဖြစ် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဖြူ နှင့် အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင် တို့ကဆောင်ရွက်ကြပြီး၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သများတက်ရောက်ကြကြောင်း သိရသည်။                                 

ခရိုင်ပြန်/ဆက်