လယ်ဝေး စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အေလာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျန်း မာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများပါဝင်သည့် အဖွဲ့သည် ယနေ့နံနက် (၇)နာရီက အေလာစျေးအတွင်းနှင့်လူစည်ကားရာ နေရာများတွင်ဒေသခံပြည်သူ များ၊ ခရီးသွားပြည်သူများနှင့် စျေးရောင်းစျေးဝယ် များအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် ပြည်သူများအား နှာခေါင်း စည်း Mask (၅၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကူးစက်မြန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်း ချုပ်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်း ကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)