ခရမ်း စက်တင်ဘာ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်ခရိုင်၊ ခရမ်းမြို့နယ်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ခရမ်းမြို့ အထက (၁) စိန်ရတုခန်းမ၌ ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲမှ ဂုဏ်ပြု အဖွင့်အမှာစကားပြောကြားပြီး ခရမ်းမြို့နယ် (တာဝန်ခံ) ပညာရေးမှူး ဒေါ်အေးသစ် က မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်မှု ဂုဏ်ထူးရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး စာမေးပွဲတွင် ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ တစ်ဘာသာနှင့် မြန်မာစာသီးသန့်ဂုဏ်ထူးရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်တာဝန်ရှိများက ဂုဏ်ပြုဆုများ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခရမ်းမြို့နယ်မှ ဖြေဆိုသူ (၆၁၆)ဦးတွင် အောင်မြင်သူ (၃၃၀)ဦးရှိပြီး တစ်မြို့နယ်လုံး ရာခိုင်နှုန်း (၅၃.၅၇) ရာခိုင်နှုန်းအောင်မြင်ကာ ငါးဘာသာ (၁)ဦး၊ လေးဘာသာ (၃)ဦး၊ သုံးဘာသာ(၅)ဦး နှစ်ဘာသာ (၁၇) ဦး၊ တစ်ဘာသာ(၁၁၉) ဦး စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၄၅)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၈၅) ဦး စုစုပေါင်း (၃၃၀) ဦးရှိကြောင်း သိရသည်။
ကိုမင်း (ခရမ်း)