ပျဉ်းမနား စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့က စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် ''လူတော်လူကောင်းနဲ့လူကြီးလူကောင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေး ခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ် ဝိုင်းများကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ''လူတော်လူကောင်းနဲ့ လူကြီးလူ ကောင်း'' စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင်များက ''လူတော်လူကောင်းနဲ့ လူကြီးလူကောင်း'' စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏ ဘဝအတွေ့အကြုံများဖြင့်ပေါးစပ်၍ အသီးသီးဆွေးနွေး ကြသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့အနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာရေးသူ/စာပေဝါသနာရှင် များပူပေါင်း၍ စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်