ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာတွင် မြစိမ်းရောင်(ငါးကဏ္ဍ)အတိုးရရန်ပုံငွေဖြင့် ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်

ကျိုင်းတုံ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ မြစိမ်းရောင်(ငါးကဏ္ဍ) အတိုးရ ရန်ပုံငွေဖြင့် ယန်းလောကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲက ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးနွယ်ထွန်းမြင့်၊ ယန်းလော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။      

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် အရှည်ပေ ၃၇၀၊ အကျယ် ၁၀ ပေ ကို ယန်းလော ကျေးရွာ၊ မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်း သုံးနှစ်ပြည့်အတိုးရငွေကျပ် သိန်း ၅၀၊  ပြည်သူလူထု ၏ လုပ်အားများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)