သာယာဝတီ စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့၀င်များ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်ဆိုတာလန်းရမယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်ကစာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့်ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ(Book Club)အဖွဲ့ဝင် ဦးထွန်းထွန်းလင်း(ပန်းတကာမောင်ထွန်း)က မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မိုးသဲအောင်(ပန်းမြေ)က စီးပွားအောင်င်မြင် ကံကောင်းချင်လျှင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးထက်လွန်းက စာကောင်းပေမွန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင်အေးကျော်(သာယာဝတီ)က မနက်တိုင်းအသစ်အဖြစ်ခံယူခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော(Book Club)အဖွဲ့များနှင့် ဝန်ထမ်းများက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)