မရမ်းချောင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်း ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့နယ်၊ မရမ်းချောင်ကျေးရွာအုပ်စုတွင် ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ (၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မြစ်ကြီးနားမြို့ပေါ်ရှိ (၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကို မြစ်ကြီးနားမြို့စုပေါင်းရုံးရှိ မနော ရွှေပြည်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ ချိန်က အ.မ.က လင်းလွန်းပင် ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းခတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်‌

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက စည်ပင်သာယာရေဆိပ်၌ ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၊ အမက(ဝမ်ကတ်)၌ အာရ်စီတစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၃၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေးအတွက် အာရ်စီတစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၃၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနမှ သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင်သွေးတိုးရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သွေးတိုးရောဂါအကြောင်းအသိပညာပေး Talk Show ကိုယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ အသိပညာပေး ဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ
Subscribe to