အမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း ကျင်းပ
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသ WASH: DRR ခံနိုင်ရည်ရှိရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉ နာရီအချိန်က အောက်ရွာအုပ်စု ဆင်ထိုးကျေးရွာအနီး မြို့နယ်မီးသတ်စခန်းခန်းမ၌ ကျင်းပခဲ့သည်။