မိုင်းယန်းမြို့၌ နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး “အများပြည်သူများသို့ထုတ်ပြန်ချက်” Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းယန်း စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး “အများပြည်သူများသို့ ထုတ်ပြန်ချက်” Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပန်းခြံလမ်းဆုံနှင့် မြို့အဝင်ဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မိုင်းယန်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသီဟ၊  ဌာနဆိုင်ရာများ၊ မိုင်းယန်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ကျော်နှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ မြို့မိ၊ မြို့ဖများနှင့် တိုင်းရင်းသား/ တိုင်းရင်းသူများတို့က အသိပညာပေး Billboard ကိုစိုက်ထူခဲ့ကြပြီး စေျးရောင်းစေျးဝယ်သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဝင်/ ထွက်သွားလာနေသည့် ယာဉ်ပါခရီးသည်များ၏ လက်ဝယ်အရောက် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး