မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက်အလိုက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စိစစ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မဟာမြိုင်(၁) ရပ်ကွက်နှင့် ရတနာဘုမ္မိအရှေ့ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်အလိုက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စိစစ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပင်းတယမြို့ သဘာဝပုန်းတလုတ်ရေကန်သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့နှင့် မြို့မိ၊မြို့ဖတို့ ပူးပေါင်း၍စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သဘာဝပုန်း တလုပ်ရေကန်သန့်ရှင်းသာယာလှပစေရေးအတွက်၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် မြို့မိမြို့ဖများပူးပေါင်း၍ ယနေ့နံနက်က သဘာဝပုန်းတလုတ်ရေကန်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ဆွေးနွေးဟောပြော ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြသ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက် ရှိသော စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက Green Leaf စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိှမ်း သတ်နည်း ပညာပေးသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများပူးပေါင်း၍ တာချီလိတ်မြို့၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌

သဲကုန်းမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ရေးနှင့်  ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့်

လွိုင်လင်မြို့နယ် ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ပညာရေး(ဂျီအီးစီ)သမဝါယမအသင်းလီမိတက်၏ နှစ်ပတ် လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက အထက(၁)နဝဒေးခန်းမတွင်ကျင်းပခဲ့သည်။

လောက်ကိုင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign နှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ

လက်ပံတန်း၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ကျောင်းဈေးဆိုင်များအား စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည်  ယနေ့နံနက်ပိုင်းက အထက(၁)၊ အထက(၂)နှင့် အထက(၃)ကျောင်းတို့၌ ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးနှင့််ညီညွတ်မှုရှိ/မရှိ၊ ထုတ်လုပ်မှုရက်လွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to