လွိုင်လင်မြို့နယ် ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

လွိုင်လင် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ပညာရေး(ဂျီအီးစီ)သမဝါယမအသင်းလီမိတက်၏ နှစ်ပတ် လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက အထက(၁)နဝဒေးခန်းမတွင်ကျင်းပခဲ့သည်။

အစီအစဉ်အရ ရှေးဦးစွာ လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ထွန်းမြင့်နိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွက် စာရင်းစစ်အစီရင်ခံစာကို မြို့နယ်သမဝါယမအသင်းမှ ဦးစီးမှူးဒေါ်သူဇာခင်က ဖတ်ကြား သည်။ ဆက်လက်၍ အလယ်တန်းပြဆရာ ဦးဝင်းသောင်းက ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကိုဖတ်ကြားပါသည်။ ဆက်လက်၍ ဘဏ္ဍာရေးရှင်း တမ်းနှင့်‌ရှေ့ လုပ်ငန်းစဉ်များကို အသင်းသားများ၏အတည်ပြုချက် ရယူပါသည်။ ထို့နောက် အသင်းဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးသန်းစိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသန်းစိုး၊ ဖိတ်ကြာ ထားသောဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

ခရိုင်(ပြန်/ဆက်)