မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက်အလိုက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စိစစ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေ   စက်တင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မဟာမြိုင်(၁) ရပ်ကွက်နှင့် ရတနာဘုမ္မိအရှေ့ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်အလိုက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စိစစ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဆွေလွင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှုးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစိစစ်  ကြည့်ရှုပြီးလိုအပ်ချက်များညှိနိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း