လောက်ကိုင် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းစောင့်ကြပ် ထိန်းချုပ် နိုင်ရေးနှင့် နေအိမ်ပြင်ပသို့ ထွက်ခွါသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လောက်ကိုင်မြို့ အတွင်း လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉နာရီခွဲအချိန်က စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လောက်ကိုင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့အတွင်းရှိလူစည်ကားရာ နေရာများဖြစ်သည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို အသိပညာပေးနှိုးဆော်ပြောကြားပြီး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း Maskများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)