စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၂၉

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က အမှာစကားပြောကြားပြီး ဘာသာရပ်အလိုက် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများနှင့် ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

“ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲကို ပြီးခဲ့တဲ့ စက်တင် ဘာလ(၁၀)ရက်နေ့က ပြိုင်ပွဲကျင်းပပေးခဲ့ပြီး အခုဆုရရှိသူတွေကို ဆုချီးမြှင့်ပေးတာပါ ဒီကျောင်း တော်ကြီးမှာက အခုလိုနေ့ထူးနေ့မြတ် အထိမ်းအမှတ်ပွဲတွေမှာ ကျောင်းသား/ ကျောင်းသူတွေကို ပြိုင်ပွဲကျင်းပပေးပါတယ် သူတို့တွေလည်း ကြိုးစားယှဉ်ပြိုင်ကြတဲ့အတွက် ဝမ်းသာဂုဏ်ယူမိ ပါတယ်” ဟု ပညာရေးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍သိရသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃- ပညာသင်နှစ်၊ အပတ်စဉ် (၂၁) PGDMA သင်တန်းသား/ သင်တန်း သူများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မာလ်တီမီဒီယာ အကြောင်းများနှင့်ပတ်သက်၍ အမှာစကားအသီးသီး ပြောကြားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)