ပင်းတယမြို့ သဘာဝပုန်းတလုတ်ရေကန်သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့နှင့် မြို့မိ၊မြို့ဖတို့ ပူးပေါင်း၍စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပင်းတယ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သဘာဝပုန်း တလုပ်ရေကန်သန့်ရှင်းသာယာလှပစေရေးအတွက်၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် မြို့မိမြို့ဖများပူးပေါင်း၍ ယနေ့နံနက်က သဘာဝပုန်းတလုတ်ရေကန်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ(ပင်းတယ)မှ အမှုဆောင်အရာရှိ၏ အနီး ကပ်ကြီးကြပ်မှုဖြင့်စည်ပင်သာယာ ဝန်ထမ်းများနှင့် မြို့မိ၊ မြို့ဖများမှ သဘာဝပုန်းတလုတ်ရေကန်အတွင်း အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားခြင်းနှင့် လမ်းဘေးဝဲယာတစ်လျှောက် ချုံနွယ်ပင်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။  

ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်(၃၈၈၀) ပေရှိပြီး၊ ဓနုလူမျိုးအများစုနေ ထိုင်ကြပြီး၊ပအိုဝ်း၊ပလောင်၊ကရင်၊ရှမ်း၊မွန် နှင့်ဗမာ စသည်တို့ နေထိုင်ကြပြီး ယဥ်ကျေးမှုအမွေအနှစ်များ၊ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များ အထူးစိတ်ဝင်တစားလာ ရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်ညီစေရန် မြို့တွင်းသာယာလှပရေးအတွက် ပင်းတယမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အလေးထားဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ကိုဦး (ပြန်/ဆက်)