ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးစစ်ကြောင်းအနေဖြင့် ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက် ၈နာရီ က ကမာကဆစ်ဈေးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများပြုလုပ်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

စမ်းချောင်းမြို့နယ်တွင် ရဟန်း၊ သံဃာများနှင့် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ရဟန်း၊ သံဃာများနှင့် ပြည်သူများအား   မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး  Center တွင် ယနေ့နံနက်(၉)နာရီက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ(၃၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၂၂)ဦးနှင့်

တွံတေးတူးမြောင်း သဘာဝရေပြင်အတွင်း ငါးခုမ်းမ၊ငါးမြစ်ချင်းငါး (၄၀၀၀၀၀) ငါးမျိုးစိုက်ထည့်

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ် တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံ့တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်မည့် စီမံချက်ဖြင့် ဆောင်ရွက်လျှက်ရှိရာ တွံတေးတူးမြောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅၀၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန် က တွံတေးတူးမြောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ပုံမှန်ကာကွယ်ဆေး လုံးဝမထိုးရသေးသူများနှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူများ ကိုယ်ဗစ်(၁၉)ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများ၊ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ပြီး သွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျွန်းတော(အလယ်)ရပ်ကွက်တွင် နှာခေါင်းစည်းများဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Center ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ကူညီသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ၂၀၂၂ ခုနှစ်(၂၃)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက နွားတဲကုန်းအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် စားသောက်ကုန်အမှတ်တံဆိပ်(၂)မျိုး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ် (၂) မျိုးအား ရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to