ဖျာပုံမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီဝင်များ ဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီဝင်များ ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။