တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရဟန်းရှင်လူ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ  အကြိမ်ပြည့်နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တောခရိုင်ရုံး Community Center ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လှိုင်းတာကျေးရွာ အုပ်စုရှိ အောင်မြေသုခ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ငပုတောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ ငါး၊ ပုဇွန်အဝယ်ဒိုင်လုပ်ငန်းရှင်များမှ ပူးပေါင်း၍ ငပု‌တောမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၇ နာရီအချိန်က ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက် မြို့မဈေး၌ ငါးများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွှဲပိုင်းက လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စက်တင်ဘာလ၊ ဒုတိယပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်ဦး အတွင်ရေးမှူး၊ မြို့နယ်ရဲမှူး မြင့်ရွှေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

စစ်တွေမြို့နယ်၌ ပြည်နယ်ရန်ပုံငွေကျပ် ၁၁၂ ဒသမ ၂၀၀ သန်းဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၁၂ ဒသမ ၂၀၀ သန်းဖြင့် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ဆောင်ရွက်သည့် ကျေးလက်ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှသိရသည်။

ပန်းခင်းစီမံချက်၂ ဖြင့် ပြုလုပ်ပေးခဲ့သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ၂ ဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ဟင်္သာတမြို့ သုံးပင်ကွင်းရပ် ဆယ်ထပ်ကြီး ဘုရားတန်ဆောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to