ဘောလခဲ စက်တင်ဘာ ၂၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူများ ကိုယ်ဗစ်(၁၉)ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများ၊ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယနေ့လာရောက်ထိုးနှံမည့် သူများအားလုံးကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်(၁၉)ရောဂါ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဦးအေးမောင်ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)