မိုးနဲမြို့နယ် ဒေသထွက်ရှောက်ချိုသီးများ စတင်ခူးဆွတ်ရောင်းချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ဒေသထွက်ရှောက်ချိုသီးများ စတင်ဆွတ်ခူး ရောင်းချနေရပြီး  အထွက်နှုန်းတိုးရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း လွိုင်မြေ ရပ်ကွက်နေ ရှောက်ချိုသီးစိုက်ပျိုးသူ ဦးလုံးဆုဝဏ္ဏထံမှ သိရှိရပါသည်။

တာချီလိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "ဉာဏစွမ်းရည်" ပြိုင်ပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန ၊ ကျောင်းသား/ ကျောင်းသူများ ပူးပေါင်း၍တာချီလိတ်မြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "ဉာဏစွမ်းရည်" ပြိုင်ပွဲကို ယမန်နေ့မွန်းလွှဲ ၄  နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

စတုတ္ထအကြိမ် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စတုတ္ထအကြိမ် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကုတင်(၅၀) ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။        

(၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်ဦးကျော်အောင်၊ ဉာဏသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

နယ်စပ်ဒေသ၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ခြင်ဆေးဖြန်းခြင်းလုပ်ငန်း ရပ်ကွက်များအတွင်း ကွင်းဆင်းပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန်အတွက် ခြင်ဆေးဖြန်းခြင်းနှင့် ခြုံနွယ်များရှင်းလင်းခြင်း၊  စုပေါင်း ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်မှစတင်၍ ပန်ဆိုင်း(ကြူကုတ်)မြို့  မြို့ပေါ်ရပ်ကွက်များအတွင်း၌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင် ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ ပရဟိတအသင်းအဖွဲ့များဖြင့်  စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

(၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

ဆီဆိုင်မြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မင်္ဂလာရပ်ကွက်အတွင်းရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃(နှစ်ဆက်)၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် (၂၀၉.၅၅) သန်းဖြင့် တည်ဆောက် ပေးလျက်ရှိကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လှုပ်ရှားဆောင်ရွက်မှုများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to