ရခိုင်ပြည်နယ် မောင်တောမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

မောင်တော စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Center ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ဇော်ဆန်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးသန်းလှိုင်နှင့် ခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ‌ ဒေါ်ခင်လှနွယ်တို့က ကလေးအလုပ်သမား ဖြစ်ပေါ်ရသည့် အကြောင်း အရင်းများ၊ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများ အရေအတွက်နှင့် ကလေးအလုပ်သမားများ တွေ့ရှိနိုင်သည့် အခြေအနေများ၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဉပဒေရေးရာနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုများ၊ ကလေးသူငယ်များကို အဆိုးရွာဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေးအလုပ်သမားများအား ခိုင်းစေလျှင် ဉပဒေအရ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးသူငယ်များအား ခိုင်းစေခြင်းအတွက် တားမြစ်ချက်များ၊ မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားနှင့်ပတ်သတ်ပြီး အကာအကွယ်ပေးထားတဲ့ ဉပဒေများ၊ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စရေး ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခွင့်များ စသည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး