ဒလ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက် ၈နာရီ က ကမာကဆစ်ဈေးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများပြုလုပ်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ကျန်းမာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း ဉီးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးမှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူပေါင်း၍ ကမာကဆစ်ဈေးရှိ ဈေးသည်များနှင့် ဈေးသွားဈေးပြန် ပြည်သူများအား Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ရာ Mask အခုရေ (၁၀၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလ (ပြန်/ဆက်)