ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာ ဝယ်ယူစားသုံးနိုင်ရန်နှင့် စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ သတ်မှတ် ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ် (၆၊ ၇၊ ၈၊ ၉၊ ၁၀)ရပ်ကွက်များ၊ မြို့နှင့် ထိစပ် လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်း ကျေးရွာတို့အား ဇီယျာဆန်(၁)ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးလျက်ရှိရာ ယနေ့ နေ့လယ် (၂)နာရီ၌ အမှတ်(၇)ရပ်ကွက်အတွင်းတွင် ဆန်(၁၁၀၀)ပြည်အား သွားရောက်ရောင်းချပေးခဲ့သည်။

ဖျာပုံမြို့ အောက်ကွင်းကျေးရွာနှင့် အောင်သာယာကျေးရွာရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိရာ စက်တင်ဘာလ(၂၉)ရက်နေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့နယ်အောက်ကွင်းကျေးရွာနှင့် အောင်သာယာကျေးရွာရှိ ပြည်သူများအား အဆိုပါ ကျေးရွာရှိ ဘုရား တန်ဆောင်းကြီးအတွင်း ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့အဝင် ဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးဘေးတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက် ခြင်းကို ဖျာပုံမြို့ အဝင်ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးဘေးတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာ အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မလတ်တိုကျေးရွာအုပ်စု၊ မင်္ဂလာမှန်‌ကျောင်း တန်ဆောင်းတော်ကြီးတွင် ကျင်းပသည်။

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာတွင် စစ်ကြောင်း ကြီး (၅)ကြောင်းဖြင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က သပြုကျေးရွာ အုပ်စု၊ ဓမ္မရက္ခိတဗိမာန်တော်ကြီးတွင် ကျင်းပသည်။

ဟင်္သာတမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ဆက်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပခဲ့သည်။

မြန်အောင်ခရိုင် ဆောင်းရာသီ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း ဝန်ထမ်းနည်းပညာပေး သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများအား ဆောင်းရာသီနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ဝန်ထမ်း နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်က မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပသည်။

အမာမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာ၊ သဒ္ဓမ္မဇောတိကဓဇကျောင်းတိုက်၊ ရွှေရတုဗိမာန်‌တော်၌ ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် မျိုးဗီဇပြောင်း မျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက်

ဒေးဒရဲမြို့နယ်၌ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်ဟောပြောပွဲနှင့် ကာကွယ်ဆေးများ ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက တော်လှကျေးရွာနှင့် ကွမ်းခြံကုန်းကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to