တွံတေးတူးမြောင်း သဘာဝရေပြင်အတွင်း ငါးခုမ်းမ၊ငါးမြစ်ချင်းငါး (၄၀၀၀၀၀) ငါးမျိုးစိုက်ထည့်

တွံတေး     စက်တင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  တွံတေးမြို့နယ်  တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံ့တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်မည့် စီမံချက်ဖြင့် ဆောင်ရွက်လျှက်ရှိရာ တွံတေးတူးမြောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅၀၀၀၀၀)ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန် က တွံတေးတူးမြောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးရိက္ခာဖူလုံစေရေးတို့အတွက် သဘာဝရေပြင်တွံတေးတူးမြောင်းအတွင်းသို့  နှစ်လက်မအရွယ်ငါးခုမ်းမကြီး (၃၅၀၀၀၀)နှင့် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၅၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း တွံတေးငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးရဲဝင်းသောင်းထံမှ သိရသည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်၊ ခရိုင်ငါးလုပ်ငန်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းမြင့်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တွံတေးငါးလုပ်ငန်းစခန်း စခန်းတာဝန်ခံ ဦးရဲဝင်းသောင်းနှင့် ဝန်ထမ်းများက ငါးသားပေါက် နှစ်လက်မအရွယ် ငါးခုမ်းမကြီးကောင်ရေ(၃၅၀၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ (၅၀၀၀၀)စုစုပေါင်း ငါးကောင်ရေ (၄၀၀၀၀၀)အား တွံတေးတူးမြောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြပြီး တွံတေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သဘာဝရေပြင် မြစ်၊ ချောင်း အင်း၊ ဆည်မြောင်းများသို့ ငါးမြစ်ချင်း၊ ကောင်ရေသိန်း(၇၀)ကို ငါးသယံဇတကြွယ်ဝရေး ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား