သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်သွားကြစေလို

“ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျှင်ဆောင်ရွက် အားလုံးအတွက်” ဆောင်ပုဒ်ဖြင့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ကျင်းပ

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေး-ရန်ကုန် အမှတ်(၂)အစုန်စာပို့ရထား၌  ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ မြန်မာ့မီးရထား(တောင်ငူဘူတာ)၌ မန္တလေး-ရန်ကုန် အမှတ်(၂) အစုန်စာပို့ရထားပေါ်ရှိ ခရီးသွားပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထား(တောင်ငူ) ရုံပိုင်ကြီးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မွေးစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန်၊ ကျန်းမာသန်စွမ်းစေရန်၊ လိုအပ်သောအာဟာရများကို ရရှိစေရန်အတွက် မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် (၉၃)ဒေသန္တရ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(sinovac)၊ Sinopharn၊ Covaxin၊ Sinovac ဆေးများဆက်လက်ထိုးနှံ

ရန်ကင်းမြို့နယ်တွင် (၁၂- ၁၀-၂၀၂၂)ရက်နေ့ ယမန်နေ့နံနက်(၀၉:၀၀)နာရီက  ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းနှင့် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စာရေးအသင်းနှင့် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားကျောင်းသူများ ကာယ/ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနတွင် အိမ်ဆောက်ဂိမ်းပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

မိုးမောက်မြို့တွင် မြို့နယ်သမဝါယမဦးစီးဌာန လုပ်ငန်းဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြို့နယ်သမဝါယမလုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to